× ပင်မစာမျက်နှာ ဟောစာတမ်းများ အဆောင်ပစ္စည်းများ ဝန်ဆောင်မှု ကြေညာချက် ဆက်သွယ်ရန်

ကြာသပတေး ကြာသပတေးသားသမီးတွေက အရမ်းလဲချစ်ပေးတတ်သလို အရမ်းလဲ အချစ်ခံချင်တဲ့နေ့နာမ်တွေထဲမှာပါပါတယ်၊ သူတို့ရဲ့ စိတ်မှာ ကိုယ့်အနားမှာရှိနေတဲ့သူကို ပိုမိုမြင့်မားအောင် တွန်းပို့ပေးတတ်သူတွေဖြစ်ပြီး ကိုယ့်အချစ်တွေပုံပေးထားတဲ့သူဆီက မတောင်းဘဲရတဲ့ ဂရုစိုက်မှုတွေကို လိုလားတဲ့သူတွေဖြစ်ပါတယ်။ သဝန်တိုတဲ့နေရာမှာလည်း ထိပ်ဆုံးက၊ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်ရင် စိုးရိမ်လွန်တတ်တဲ့နေရာမှာလဲ ထိပ်ဆုံးကဖြစ်ပါတယ်။ ဒါ့ကြောင့် ကြာသပတေးသားသမီးတွေကို ချစ်သူ ရည်းစားအဖြစ်ပိုင်ဆိုင်ထားရင် သင့်ဆီက သူမျှော်လင့်နေတဲ့အရာတွေထဲမှာ ငွေကြေးပစ္စည်း၊ ဥစ္စာတွေမပါပါဘူး၊ သူလိုအပ် နေတာ သင့်ရဲ့အလေးထားမှုပဲ ဖြစ်ပါတယ်။ တနင်္ဂနွေ ပိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ထဲမှာပါပြီး ဒါငါ့ကောင်လေး၊ ဒါငါ့ကောင်မလေးဆိုပီး ကိုယ်တစ်ယောက်ထဲ ပိုင်ဆိုင်ချင်တတ်တယ်။ သူ့မေတ္တာတွေအကုန် ငါပဲရရမယ်ဆိုပီး တစ်ယောက်ထဲ အပိုင်သိမ်းယူချင်တဲ့စိတ်လေးရှိတယ်။ အဓိကကတော့ သူကိုလည်း ကိုယ်တစ်ယောက်ထဲကိုပဲ ချစ်စေချင်တယ်၊ ကိုယ်ကလည်း သူတစ်ယောက်ထဲကို ချစ်မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုချီးကျူးတာ၊ ကိုယ့်ကိုလူအများကြားမှာ အလေးပေးတာ၊ ရှေ့တမ်းတင်တာကို သဘောကျတတ် တယ်။ နင်ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲလို့မေးရင် တနင်္ဂတွေသားသမီးတွေက ဖြေမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့လိုအပ်နေတာက ငွေကြေး၊ ပစ္စည်းတွေမဟုတ်ဘဲ၊ တန်ဖိုးထားမှု၊ သစ္စာရှိမှုကို လိုအပ်တာဖြစ်ပါတယ်။ သို့ပေမယ့် ကိုယ့်အနားရောက်လာတဲ့သူတွေက ကိုယ့်ကို ငွေကြေးနဲ့တိုင်းတာနေတတ်ကြတယ်။ သောကြာ သဝန်တိုတတ်တဲ့နေ့နံတွေထဲမှာ ထိပ်ဆုံးကပါတယ်၊ ပိုင်ဆိုင်ထားပြီးသားအရာတစ်ခုကို ဆုံးရှုံးရရင် အရမ်းဝမ်းနည်းပြီး စိတ်အားငယ်တတ်တယ်။ ကိုယ့်ချစ်တဲ့သူက အမှားတွေဆက်တိုက်လုပ်နေရင်လည်း ခွင့်လွှတ်ပေးတတ်ပြီး ကိုယ့်ဘက်ကနေ ဘယ်တော့မှသစ္စာမဖောက်ဖူးဆိုတဲ့ စိတ်ဓာတ်မျိုးရှိပါတယ်။ ကိုယ့်ရဲ့မိသားစုပြဿနာတွေကြောင့် ကိုယ့်ချစ်သူအပေါ် အားကိုးချင်စိတ်ရှိတာမလို့ သောကြာသားသမီးတစ်ယောက်ကို ပိုင်ဆိုင်ထားရရင် ကလေးတစ်ယောက်ကို ထိန်းရတာ နဲ့တူပါတယ်၊ ဘယ်သွားသွား တကောက်ကောက်လိုက်မယ်၊ ဘေးမှာရှိမယ်၊ ၂ယောက်ထဲရှိတဲ့အခါ ချစ်တဲ့အကြောင်း တွေပြောမယ်၊ ဒါ့ကြောင့် သောကြာသားသမီးတစ်ယောက်ကို ချစ်သူရည်းစားအဖြစ်ပိုင်ဆိုင်ထားရင် သေချာတော့တစ်ခု ကတော့ သင်အချစ်ခံရသလို၊ အရစ်ခံရမှာလည်း အသေအချာပါပဲ။ တနင်္လာ တနင်္လာသားသမီးတွေက ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေတတ်ပေမယ့် သူတို့တကယ်ချစ်တဲ့သူအပေါ်မှာဆိုရင်း နွဲ့ဆိုးလေး ဆိုးချင်တဲ့စိတ်လေးရှိပါတယ်။ သူတို့ချစ်တဲ့သူအပေါ်မှာပဲ ချွဲနွဲ့ပြီး ကလေးဆိုးလေးလို ဆိုးတတ်တာဖြစ်ပါတယ်။ ယောင်္ကျားလေးဖြစ်နေရင်တောင် ဘာကောင်ကြီးပဲဖြစ်ပါစေ ချစ်တဲ့သူအနားကဆို ကျားကနေ ကြောင်ငယ်လေး ဖြစ်သွား တတ်တာအမှန်ပါ။ ဒါ့ကြောင့် တနင်္လာသားသမီးနဲ့တွဲရတာ စိတ်ကျဉ်းကျပ်တယ်တို့၊ စိတ်ရှုပ်လိုက်တာတို့ ထင်မိတတ်တယ်၊ အမှန်တော့ သင့်အနားကိုအမြဲတွဲကပ်နေတာဟာ သူသင့်ကိုအရမ်းချစ်နေလို့ ကပ်တွယ်နေတာဖြစ်ပါတယ်။ အခြားနေ့နာမ်တွေကို မကောင်းဘူးပြောလို့ပြောတာမဟုတ်ပါဘူးနော်၊ ကျွန်တော်ပြောသွားနေ့နာမ်တွေက သိသိသာသာ ဖြစ်တဲ့အကြောင်းပြောပြတာ ဖြစ်ပါတယ်။