× ပင်မစာမျက်နှာ ဟောစာတမ်းများ အဆောင်ပစ္စည်းများ ဝန်ဆောင်မှု ကြေညာချက် ဆက်သွယ်ရန်

အခုလက်ရှိ မိတ်ဆွေကိုင်နေတဲ့ ဖုန်းဆင်းကဒ်နံပါတ်လေးတွေကို ပေါင်းလိုက်ပါ။ 09 မပါဘဲ ကျန်တဲ့၉လုံးကိုပဲ ပေါင်းပေးပါခင်ဗျာ။ ပေါင်းလိုက်လို့ရလာတဲ့နံပါတ်လေးတွေကိုလဲ ထပ်ပေါင်းပေးပါခင်ဗျာ။ ဥပမာ ကျွန်တော့် ဖုန်းနံပါတ်ဆိုရင် 09791315178 ဖြစ်ပါတယ်။ ရှေ့က 09 ကို ထည့်မတွက်ဘဲ ကျန်တာတွေပေါင်းလိုက်ရင် ၄၂ရပါတယ်။ ပြန်ပေါင်းရင် ၆ ဖြစ်ပါတယ်။ ၆လို့ယူဆရမှာ ဖြစ်ပါတယ်။ ဟောချက်လေးတွေကို အောက်မှာဖတ်လို့ရပါတယ်ခင်ဗျာ။ ........    ၁ဂဏန်း ဖုန်းပိုင်ရှင် ၁ဂဏန်းရတဲ့ ဆင်းကဒ်ကို ပိုင်ဆိုင်ထားတဲ့မိတ်ဆွေက လွတ်လွတ်လပ်လပ်နေတတ်သူဖြစ်ပီး ဘဝမှာ စိတ်ထဲပေါ် လာတာလေးတွေ၊ စိတ်ကူးလေလွင်ရာလုပ်ရရင် ကျေနပ်နေတဲ့သူဖြစ်ပါတယ်။ ခရီးထွက်ရတာကို ကြိုက်ပေမယ့် စီစဉ်လိုက်တိုင်း ပြဿနာလေးကြုံပြီးမှ ခရီးထွက်ရတတ်တယ်။ တစ်ယောက်ထဲနေရတာကို နှစ်သက်သူဖြစ်ပြီး ကိုယ်လုပ်ချင် တာတွေကို လာပိတ်ရင် စပ်စပ်ထိမခံတတ်တဲ့သူဖြစ်ပြီး လွတ်လပ်မှိုကိုမြတ်နိုးပီး ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်စိတ် ရှိတတ်ပါတယ်။ ၂ဂဏန်း ဖုန်းပိုင်ရှင် ၂ဂဏန်းဖုန်းပိုင်ရှင်တွေကတော့ ဘဝမှာ အမြဲစိတ်တွေဝေနေတတ်တဲ့သူတွေဖြစ်ပြီး ရွေးချယ်ရခက်ခဲစရာတွေကို ဆက်တိုက် ကြုံရတတ်ပါတယ်။ တစ်ခုခုဆို ၂ခုထဲကတစ်ခု ယှဉ်ရွေးနေရတတ်ပြီး တစ်ခုခုလုပ်ပြီးရင်လဲ သူမဟုတ်သလိုနဲ့ ဟန်ဆောင် ကောင်းတဲ့သူလေးတွေဖြစ်ပြီး အလှအပကြိုက်တတ်ကာ၊ ယောက်ျားလေးဆိုရင်တော့ လှချင်တဲ့စိတ်လေး ရှိနေတတ်ပါတယ်။ ငယ်စဉ်အခါက ဆေးရုံးဆေးခန်းခဏခဏရောက်သူတွေဖြစ်ပီး ဘာသာစကားလေ့လာရင် အောင်မြင်တတ်ပြီး အိမ်မကပ် ချင်တဲ့သူတွေလဲ ဖြစ်ပါတယ်။ ၃ဂဏန်း ဖုန်းပိုင်ရှင် ၃ဂဏန်းဖုန်းပိုင်ရှင်တွေကတော့ ဘဝကို ခက်ခက်ခဲခဲလေးဖြတ်သန်းရတတ်ပြီး မိမိဖာသာကြိုးစားအားထုတ်ကာ ဘဝကို အောင်မြင်အောင် ဖြတ်သန်းရတဲ့သူတွေဖြစ်ပါတယ်။ လောကဓ့ကို ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုပေမယ့် သနားတတ်တဲ့ စိတ်လေးကြောင့် မျက်ရည်လွယ်တတ်ကာ ဘယ်သူနဲ့ပဲတွေ့တွေ့ ကိုယ့်ကပေးဆပ်ရတာမျိုး ဖြစ်ပါတယ်။ ဘာသာစကား၊ နိုင်ငံခြား၊ လူမျိုးခြား၊ ဘာသာခြား အကျိုးပေးပါတယ်။ ၄ဂဏန်းး ဖုန်းပိုင်ရှင် ၄ဂဏန်းဖုန်းပိုင်ရှင်တွေကတော့ ဘဝကိုပေါ့ပေါ့ပါးပါးလေးဖြတ်သန်းတဲ့သူတွေဖြစ်ပြီး ကိစ္စတစ်ခုခုဆို သူများတွေကသာ ပူလောင်နေတာ၊ ကိုယ်ကတော့ အေးဆေးဆိုတဲ့သူမျိုးဖြစ်ပါတယ်။ အလုပ်လုပ်ပီးဆိုရင်လဲ ချက်ချင်းကြိုးစားချင်စိတ် တွေပေါ်လာပြီး စိတ်အတတ်အကျမြန်တတ်ကာ အခုစိတ်ဓာတ်ကျနေတယ်၊ ချက်ချင်းMotivationတွေ ပြည့်ဝနေတယ်၊ အဲ့လိုမျိုးဖြစ်ပါတယ်။ သူများခိုင်းတာမလုပ်ချင်ပဲ ကိုယ်ပိုင်လုပ်ငန်းတွေ ဦးဆောင်ချင်စိတ်ရှိပီး မွေးရပ်မြေနဲ့အကျိုးမပေးတဲ့သူ တွေဖြစ်ပါတယ်။ ၅ဂဏန်း ဖုန်းပိုင််ရှင်များ ၅ဂဏန်းဖုန်းပိုင်ရှင်တွေကတော့ ဘာပဲလုပ်လုပ်၂ခါတွေးပီးမှလုပ်တဲ့သူတွေဖြစ်ပြီး အကျိုးအကြောင်းစီလျော်အောင် တွေးတတ်ကြတယ်၊ သဝန်တိုယုံတင်မကဘဲ တစ်ခုခုဆို ကိုယ့်ကိုဉီးစားပေးမှ ကြိုက်တတ်ကြပါတယ်။ အတွေးကောင်း သူတေံဖြစ်ပီး ရန်ဖြစ်အော်ပြောစကားပြောဆိုရတာကို သိပ်သဘောမကျပဲ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်း တတ်ကြတယ်။ လူမှန်၊ လူရိုးလေးတွေ ဖြစ်ပါတယ်။ ၆ဂဏန်း ဖုန်းပိုင်းရှင်များ ၆ဂဏန်းဖုန်းပိုင်ရှင်တွေကတော့ လူချစ်လူခင်ပေါများတဲ့သူတွေဖြစ်ပြီး အချစ်ကြီးတဲ့သူတွေဖြစ်ပါတယ်။ ဘယ်နေရာဆို မသိတဲ့သူမရှိနဲ့ အများနဲ့လိုက်လျောညီထွေးဖြစ်အောင် ပေါင်းသင်းတတ်ပြီး ခင်ချင်မင်ချင်တဲ့သူပေါ်များတတ်ပါတယ်။ အချစ်ရေးကတော့ အမြဲကံခေပြီး ချိန်လိုက်တိုင်းလွဲနေတတ်၍ သူများအတွဲတွေအတွက် ဖြည့်ဆည်းပေးရတဲ့ မြှားနတ်မောင် တစ်ယောက်ဖြစ်ပါတယ်။ ၇ဂဏန်း ဖုန်းပိုင်ရှင်များ ၇ဂဏန်းဖုန်းပိုင်ရှင်တွေကတော့ အမြဲစိတ်ရှုပ်စရာလေးတွေကြုံရတတ်ပြီး ဘဝအခက်အခဲတွေ တစ်ပြုံကြီးရင်ဆိုင်ရကာ အနှောက်အယှက်တွေကြားကနေ အောင်မြင်တတ်တဲ့ ကံဇာတာမျိုးဖြစ်ပါတယ်။ သူများထံမှာ အောက်ကျခံချင်တဲ့စိတ်မရှိဘဲ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ရပ်တည်ချင်ပြီး ဘဝကို အောင်မြင်စွာဖြတ်သန်းချင်တဲ့စိတ်အရမ်းပျင်းပျတတ်ပါတယ်။ အပေါင်း အသင်းကြားမှာ၊ ဘယ်သူနဲ့တွေ့တွေ့ ပေးဆပ်ရစမြဲဖြစ်ပါတယ်။ ၈ဂဏန်း ဖုန်းပိုင်ရှင်များ ၈ဂဏန်းဖုန်းပိုင်ရှင်တွေကတော့ စိတ်ကြီးတဲ့သူတွေဖြစ်ပြီး တစ်ခုခုဆို လျင်လျင်မြန်မြန်ဆုံးဖြတ်ချက်ချတတ်၍ အုန်းဒိုင်း ဇိုးဇွတ်နဲ့ ချက်ချင်းဆို ခုချက်ချင်းဆိုတဲ့လူတွေ ဖြစ်ပါတယ်။ စိတ်မြန်လက်မြန်ဖြစ်တတ်ပြီး တစ်ခုခုအမှား ဖြစ်သွားရင်တောင် အလှဆုံးပြုံးရယ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ မတရားမှုကိုလဲ မလိုလားသလို၊ ကိုယ်ရှေ့မှာ မတရားတာတွေ့ရင်လည်း ဝင်ပါ လိုက်ရမှ ကျေနပ်တဲ့သူတွေဖြစ်ပါတယ်။ ၉ဂဏန်း ဖုန််းပိုင်ရှင်များ ၉ဂဏန်းဖုန်းပိုင်ရှင်တွေကတော့ စိတ်သဘောထားကြီးတဲ့သူတွေဖြစ်ပြီး ကိုယ့်အနားမှာရှိနေတဲ့သူက ကိုယ့်အပေါ်ယုတ်မာ တော့မယ်ဆိုတာသိရင်တောင် သည်းညည်းခံနေတတ်ပြီး မေတ္တာတရားကြီးမားတဲ့သူတွေဖြစ်ပါတယ်။ လူတိုင်းကို သာတူညီမျှ ဆက်ဆံတတ်ပြီး မေတ္တာတရားရှေ့ထားကာ ဘယ်သူ့ကိုမဆို ကိုယ့်စိတ်ရင်းအတိုင်းဆက်ဆံတတ်တယ်။ ဒါပေမယ့် ကိုယ့်အနားရောက်လာတဲ့သူတိုင်းက ကိုယ့်ဆီက တစ်ခုခုလိုအပ်လို့ လာကပ်တဲ့သူတွေများတတ်ပါတယ်။