× ပင်မစာမျက်နှာ ဟောစာတမ်းများ အဆောင်ပစ္စည်းများ ဝန်ဆောင်မှု ကြေညာချက် ဆက်သွယ်ရန်

၂၀၂၃အတွင်းမှာ ကြာသပတေးသားသမီးများအနေနဲ့က ကံအကောင်းဆုံးနေ့နာမ် အဆင့်၁နေရာမှာ ရပ်တည်နေမှာဖြစ်ပြီးတော့ အလုပ်အကိုင်နဲ့ ပညာရေးပိုင်းတွေမှာ အားရကျေနပ်ဖွယ်ကောင်းလောက်အောင် တိုးတက်ပြောင်းလဲလာနိုင်တာ ဖြစ်ပါတယ်။ အလုပ်အသစ်စဖြစ်တာမျိုး၊ မိမိအလုပ်အကိုင်နဲ့ပတ်သတ်တဲ့ သင်တန်းကောင်းတွေ၊ ပညာရပ်အသစ်တွေ သင်ယူဖြစ်တာမျိုးတွေ၊ မိမိကျွမ်းကျင်ထားတဲ့ပညာရပ်တွေကို လက်တွေ့အသုံးချနိုင်တာမျိုးတွေ ဖြစ်တတ်တဲ့ ပုံစံမျိုးရှိပါတယ်။ ဒါ့ကြောင့် အလုပ်အသစ် စဖို့တို့၊ မိမိအရင်ကတည်းက အပတ်တကုတ်ကြိုးစားခဲ့တာလေးတွေ အကောင်အထည်ဖော်ဖို့ကိစ္စတွေ အဆင်ပြေနိုင်ပြီး မိသားစု အသိုင်းအဝိုင်းပတ်ဝန်းကျင်ကနေ ကူညီထောက်ပံ့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ကြာသပတေးသားမီးအများစုရဲ့အတိတ်၊ ငယ်ဘဝတော်တော်များများက ခက်ခဲရုန်းကန်ရတာမျိုး၊ လိုအင်ဆန္ဒမပြည့်ဝဘဲ သည်းခံပေးခဲ့ရတဲ့ အချိန်တွေများလွန်းတာ မှန်ပေမယ့် လက်ရှိ၂၀၂၃မှာတော့ လုံးဝကို အောင်မြင်ပေါ်ထွန်းလာမယ့် နှစ်တစ်ခုဖြစ်ပါတယ်။ အရင်က ဆိုင်လေးဖွင့်ဖို့ ကြိုးစားနေတာဆိုရင် ဆိုင်ဖွင့်ဖြစ်သွားတာမျိုး၊ အလုပ်စဖို့ ကြိုးစားထားရင် အလုပ်စဖြစ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပညာရေးပိုင်းမှာတော့ နိုင်ငံရပ်ခြားကိစ္စ၊ နိုင်ငံခြားထွက်ဖို့စီစဉ်ထားသူများ လုံးဝအဆင်ပြေချောမွေ့လာနိုင်ပြီး သင်တန်း ကောင်းတွေတတ်ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူရည်းစားမရှိသူများ ချစ်သူရည်းစားရတတ်ပြီး အချစ်ဦးနဲ့ပြန်ဆုံဖြစ်တာမျိုးတွေ၊ မိတ်ဆွေတွေနဲ့ ပြန်တွေ့ဖြစ်တာမျိုး၊ ချစ်သူရည်းစားဆီက အကူအညီအထောက်အပံ့ ရရှိတာမျိုးတွေ ကြုံရတတ်ပါတယ်။ ပြဿနာများ၊ ရန်များနေတဲ့စုံတွဲ၊ အိမ်ထောင်ဖက် စတာတွေနဲ့ပတ်သက်လို့ ပြန် အဆင်ပြေနိုင်ပြီးအထင်လွဲခံရတဲ့ပြသနာတွေ ပြန်လည် ပြေလည်နိုင်ပါတယ်ခင်ဗျာ။ ငွေကံမြင့်လာဘ်ပွင့်မယ့်ကာလဖြစ်ပီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ဝင်တတ်တဲ့ အချိန်ကာလဖြစ်ပါတယ်။ အခုလက်ရှိကနှစ်အစပိုင်းပဲရှိသေးတဲ့အတွက် ကံကောင်းမှုတွေ မသိသာ တာမျိုး၊ အတိတ်က ပြဿနာတွေများခဲ့တာကြောင့် လက်ရှိ၂၀၂၃မှာ ကံမကောင်းသေးဘူးလို့ ခံစားနေရတာမျိုး ရှိနေတတ်သေး တယ်ဆိုပေမယ့် တဖြေးဖြေးနဲ့ အဆင်ပြေလာနိုင်ပါတယ်ခင်ဗျာ။