× ပင်မစာမျက်နှာ ဟောစာတမ်းများ အဆောင်ပစ္စည်းများ ဝန်ဆောင်မှု ကြေညာချက် ဆက်သွယ်ရန်

About

ကျွန်တော့်ကို လူအများစုက ဗေဒင်ဆရာ၊ တားရော့ဆရာလို့ သိကြပါတယ်။အမှန်တော့ ကျွန်တော်က ဗေဒင်ဆရာဆိုတဲ့အမည်ဂုဏ်ပုဒ်တစ်ခု ထပ်ပိုကျယ်ပြန့် ပါတယ်။ကျွန်တော်ရဲ့အလုပ်က ဗေဒင်၊ ယတြာ၊ အဆောင်၊ အစီအရင် စတဲ့ လောကီပညာ ရပ်ပေါင်းများစွာနဲ့ လူအများရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ကူညီဖြေရှင်းပေး ပါတယ်။ ကျွန်တော့်ရဲ့ ၅နှစ်တာ ဗေဒင်ဟောရင်း ရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အကြံဉာဏ် ကောင်းတွေပေးခဲ့ပါတယ်။ ဘဝရှေ့ရေး၊ ကံကြမ္မာအကောင်းအဆိုး၊ အချစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့လူမှုရေးအခက်အခဲတွေကို ဖြေရှင်းပေးပါတယ်။ ယနေ့အချိန်ထိလူပေါင်း ၃သိန်းကျော်ကို ကူညီပေးခဲ့ပြီး တက္ကသိုလ်ကျောင်းအချို့မှာလည်း တားရော့ ဟောပြောခြင်း၊ ကုမ္ပဏီကြီးများရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အကြံပေး ( business consultant ) အချစ်ရေးအကြံပေး( Relationship Coach ) အဖြစ် ရပ်တည်လျက် ရှိပါတယ်။

Timeline

Our Story

ကျွန်တော်များ Tarot by Nay Htoo Facebook Page သည် ၂၀၁၈ ခုနစ် ကတည်းက စတင်တည်ထောင်ခဲ့ပြီး ဆရာနေထူးကိုယ်တိုင် ဦးဆောင်၍ ဗေဒင်နှင့်ပတ်သက်သော ဝန်ဆောင်မှုများကို နေ့စဉ်နဲ့အမျှဆောင်ရွက်ပေး လျက်ရှိပါသည်။ ယခုအခါ NAY HTOO Co.,Ltd လက်အောက်သို့ ဝင်ရောက်ခဲ့ပြီး တားရော့၊ ဗေဒင်၊ ယတြာ၊ အဆောင်၊ အစီအရင်နဲ့ပတ်သတ်လို့ ခေတ်နှင့်အညီ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် ကြိုးပမ်းခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

Tarot by Nay Htoo ၏ အားသာချက်သည် တားရော့၊ ဗေဒင်၊ ယတြာ၊ အဆောင်၊ အစီအရင်များကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုရယူနိုင်ပြီး တိကျမှန်ကန်၍ အာမခံချက်အပြည့်ရှိသော ဗေဒင် ဝန်ဆောင်မှု ပေးစွမ်းနိုင်သော နေရာဖြစ်ပါသည်။