× ပင်မစာမျက်နှာ ဟောစာတမ်းများ အဆောင်ပစ္စည်းများ ဝန်ဆောင်မှု ကြေညာချက် ဆက်သွယ်ရန်

services

ဝန်ဆောင်မှုများ

ဗေဒင်မေးတယ်ဆိုကတည်းက မိတ်ဆွေတို့မှာ ပြဿနာ တစ်ခုခု (သို့မဟုတ်) အဆင်မပြေတဲ့ကိစ္စတစ်ခုခုရှိတာ သေချာပါတယ်။ အချို့ပြဿနာတွေက မိမိတို့ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေရှိပါတယ်။ မိမိကိုယ်တိုင်က ကြိုးစားပေမယ့် မမြင်နိုင်တဲ့ကံတရားက ကိုယ့်ကိုမျက်နှာသာမပေးတဲ့အခါ မိမိအလုပ်အကိုင်တွေအဆင်မပြေတော့တာ၊ ကိုယ်ကိုယ်တိုင်က ကြိုးစားပါလျက်နဲ့ လုပ်သလောက်မဖြစ်နေတာ၊ ကံတွေအရမ်းညံ့ပြီး အဆင်မပြေတာတွေအရမ်းများလာတာ စတာတွေကြိုရတဲ့အခါ လောကီပညာ၊ ဗေဒင်တွေရဲ့ပညာလိုအပ်လာတတ်ပါတယ်။ ကိုယ့်လုပ်ငန်းတွေဒီထပ်ပိုမိုအဆင်ပြေစေဖို့၊ ကံကောင်းလာစေဖို့၊ အရောင်းအဝယ်တွေ အဆင်ပြေ စပြီး ငွေဝင်ကြစေဖို့၊ အချစ်ရေးပြဿနာတွေဘအဆင်ပြေစေဖို့ ဗေဒင်ယတြာ၊ အဆောင်၊ လက်ဖွဲ့တွေရဲ့အကူညီလိုအပ်လာကြပါတယ်။ ကျွန်တော့်အနေနဲ့ကလည်း မိတ်ဆွေတို့ဖြစ်ပေါ် နေတဲ့ပြဿနာတွေကို ဗေဒင်ဟောပြောရုံတင်မဟုတ်ဘဲ မိတ်ဆွေတို့ရဲ့ပြဿနာတွေ၊ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ စိတ်ရှုပ်စရာကိစ္စတွေကို ကူညီအဖြေရှာပြီး ဗေဒင်ယတြာနဲ့ ဖြေရှင်းပေးတာဖြစ်ပါတယ်။

01

Astrology

ဗေဒင် ဟောပြောခြင်း

မိတ်ဆွေတို့ရဲ့ကံကြမ္မာကိုစစ်ဆေးပြီး၊ ကံအခြေအနေ၊ ဆောင်ရန်ရှောင်ရန်၊ စီးပွားရေး၊ ငွေရေး ကြေးရေး၊ လူမှုရေး၊ အချစ်ရေး၊ ကျန်းမာရေးစသည်တို့ကို ဗေဒင်ပညာရပ်နဲ့ ဟောပြောပေးခြင်း ဖြစ်သလို မိမိတို့နှစ်သက်ရာကိုလည်း မေးမြန်နိုင်မှာ ဖြစ်ပါတယ်။

02

Tarot

ယတြာပြုလုပ်ပေးခြင်း

မိတ်ဆွေတို့ရဲ့အခက်အခဲကိစ္စများအတွက် ယတြာအစီအရင်များ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ် ခင်ဗျာ။ ဥပမာ ကံပွင့်လာဘ်ပွင့်ယတြာ၊ အချစ်ရေးအဆင်ပြေမယ့်ယတြာ၊ နိုင်ငံခြားကိစ္စအတွက် ယတြာ၊ မိမိပြုလုပ်လို့တဲ့ ယတြာပုံစံ၊ မိမိခက်ခဲနေတဲ့ကိစ္စလေးတွေပေါ် မူတည်ပြီး သက်ဆိုင်ရာ ယတြာ၊ မိမိလိုအပ်တဲ့ယတြာတွေ အပ်လို့ရပါတယ်ခင်ဗျာ။

03

Astrology

ကလေးအမည်ပေးခြင်း

မိတ်ဆွေတို့ရဲ့ ဇာတာခွင်ကိုတွက်ချက်ပြီး ကလေးအမည်ပေး၊ ဆိုင်အမည်ပေး၊ ကုမ္ပဏီအမည်ပေး စသည်ဖြင့် မိမိတို့လုပ်ငန်းအမည်၊ ကလေးအမည်ပေးခြင်းများ ဆောင်ရွက်ပေးတာမျိုး ဖြစ်ပါတယ် ခင်ဗျာ။ ဆရာနေထူးကိုယ်တိုင် နေ့နာမ်နဲ့ ကိုက်ညီတဲ့ အမည် (၁၀) မျိုးထုတ်ပေးပါတယ်ခင်ဗျ။

04

Tarot

ချစ်သူရည်းစားများဇာတာတွက်ပေးခြင်း

ချစ်သူရည်းစား၂ယောက်ရဲ့ ကံကြမ္မာကိုတွက်ချက်ပြီး ကံကြမ္မာကိုက်ညီမှုရှိမရှိ? ပေါင်းဖက်လို့ရမရ? ဖူးစာပါမပါ? အိမ်ဖောင်ပြုလို့အဆင်ပြေနိုင်လား? စသည်တို့ကိုဟောပြောပေးတာဖြစ်ပါတယ်ခင်ဗျာ။