× ပင်မစာမျက်နှာ ဟောစာတမ်းများ အဆောင်ပစ္စည်းများ ဝန်ဆောင်မှု ကြေညာချက် ဆက်သွယ်ရန်

ဒီစာကိုဖတ်နေတဲ့မိတ်တွေအနေနဲ့က ကျွန်တော်အခုလက်ရှိဟောပြောပေးမယ့် ဗေဒင်အစီအစဉ်လေးမှာ ပါဝင်နေပြီ ဖြစ်တာမလို့ ကျနော့်ကို အရောင်လေးတစ်ခု မှတ်ထားပေးပါခင်ဗျာ။ အနီရောင်၊ အပြာရောင်၊ အဝါရောင် ၃ခုထဲက ကိုယ်ကြိုက်တဲ့ အရောင်လေးတစ်ခုကို စိတ်ထဲမှာ မှတ်ထားပါခင်ဗျာ။ အရောင်လေးမှတ်ထားပြီးရင် ဗေဒင်ကြည့်လို့ ရပါပြီခင်ဗျာ။.......      အနီရောင် အနီရောင်ကိုရွေးချယ်ထားတဲ့မိတ်ဆွေအနေနဲ့က ငွေကုန်ကြေးကျများနေတဲ့သူတစ်ယောက်ဖြစ်ပြီး မိမိအတွက် မဟုတ်ဘဲ အခြားသူတစ်စုံ တစ်ယောက် အတွက် ငွေကုန်နေရတတ်ပါတယ်။ ငွေရှိနေရင်လဲ စိတ်ရှုပ်နေသလို ခံစားရပြီး ငွေမရှိနေရင် စိတ်ရှုပ်နေရတတ်ပါတယ်။ မကြာခင်အချိန်အတွင်း ပိုက်ဆံ ၅ထောင်၊ ၅သောင်း၊ ၅သိန်း ငွေဝင်ကိန်းရှိပြီး မုန့်ဖိုးရတာ၊ ဘောနပ်စ်ရတာ၊ မုန့်ဝယ်ကျွေးခံရတာမျိုးတွေကြုံရတတ်ပါတယ်။ အပြာရောင် အပြာရောင်ကို ရွေးချယ်ထားတဲ့ မိတ်ဆွေအနေနဲ့က ငွေကြေးနဲ့ပတ်သတ်လို့ အရမ်းကြီးစိတ်မရောက်နေဘဲ ပိုက်ဆံထက် ပိုအရေးကြီးတဲ့ကိစ္စတစ်ခု မိမိခေါင်းထဲရောက်နေတတ်ပါတယ်။ အဲ့ကိစ္စနဲ့ပတ်သတ်လို့ အမြဲစိတ်ထဲမှာတွေးတောနေမိပြီး သက်ပြင်းခဏခဏချမိတတ်တဲ့အချိန်အခါလည်း ဖြစ်ပါတယ်။ ချေးငှားထားသောငွေတွေ ပြန်ရတတ်တယ်။ မမျှော်လင့်ပဲ ငွေဝင်တတ်ပါတယ်။ ပိုက်ဆံ ၃ထောင်၊ ၃သောင်း ငွေဝင်ကိန်းရှိပါတယ်။ အဝါရောင် အဝါရောင်ကိုရွေးချယ်ထားတဲ့မိတ်ဆွေအနေနဲ့က ငွေကြေးနဲ့ပတ်သတ်လို့ စိတ်ပူပန်နေရတဲ့အခိုက်အတန့်လေးကြုံနေရတာဖြစ်ပြီး ပြဿနာတစ်ခုကို ဖြေရှင်းလို့မပြီးသေးဘူး နောက်ပြဿနာတစ်ခုက ထပ်ပေါ်လာတတ်ပါတယ်။ အဆင်ပြေမှ ပြေပါ့မလားလို့ ရင်တမမနဲ့ စိတ်ပူနေမိတဲ့ပုံစံလေးဖြစ်ပြီး မမျှော်လင့်ဘဲ အဆင်ပြေသွားနိုင်ပါတယ်။ ငွေကုန်ထားသလောက် ပြန်ဝင်လာမယ့် သဘောဖြစ်ပါတယ်။